[Zawgyi]
ဆု-မေတာင္းေကာင္းဘူးလား ဆု-ေတာင္းေကာင္းသလား
ေမး။ ဘာသာေရးနဲ႔ စပ္ျပီး ဆရာေတာ္ေတြက ဆု-မေတာင္းေကာင္းဘူး၊ ဆုေတာင္းလို႔ ရတာမဟုတ္ဘူး၊ လုပ္ယူမွရတာဟု ေဟာေျပာၾကပါတယ္။ အခ်ိဳ႔ဆရာေတာ္ေတြလည္း ဆုဆိုတာေတာင္းေကာင္းတယ္၊ ေတာင္းသာေတာင္းၾက၊ ဆႏၵျပဳျပီးေတာင္းရင္ ရႏိုင္တယ္ဟု ေဟာေျပာေနၾကပါတယ္။
ဒါေပမယ့္ လူတိုင္းလိုလိုပဲ ေကာင္းမႈျပဳျပီးရင္ လာျဖစ္ပါရေစ၊ ဘာျဖစ္ရပါလုိ၏ ဟု ဆုေတာင္းျပဳေနၾကတာ သူတို႔ေတာင္းတိုင္း ျဖစ္ႏိုင္ ရႏိုင္ပါသလား။ ေတာင္းတိုင္း ျဖစ္ရင္ လားရာဂတိျမဲသူေတြ ျဖစ္ကုန္မွာေပါ့ ဆရာေတာ္၊ က်မ္းဂန္ သာဓကနဲ႔ ေျဖရွင္းေပးပါဘုရား။
ေျဖ။ ဆုေတာင္းတိုင္းရပံု၊ မရပံုနဲ႔ ဂတိျမဲပံု မျမဲပံု ဥပရိပဏၰသ အ႒ကထာဆရာ၏ စကားကို သာဓက ထားျပီးေျဖၾကားရွင္းလင္းေပမယ္၊ ၾကိဳက္ရင္မွတ္ယူ၊ မၾကိဳက္ရင္ မယူနဲ႔
အ႒ကထာ ဆရာၾကီးက
၁။ ယသ ပဥၥစမၼာ အတၱိ န ပတၱနာ၊ တသ ဂတိ အနိဗၺဒၶါ။
သူတစ္ေယာက္မွာ သဒၶါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တရား ငါးပါးေတာ့ရွိပါ၏။ ျပဳလုပ္ပါ၏။ ဆုေတာင္းျခင္း ပတၱနာေတာ့ မျပဳ မေတာင္းဘူးတဲ့၊ ထိုသူအား လားရာဂတိ မျမဲဘူးတဲ့၊ လားခ်င္ရာ လားမွာပဲ။
၂။ ယသ ပတၱနာ အတၱိ န ပဥၥစမၼာ၊ တသာပိ ဂတိ အနိဗၺဒၶါ။
တစ္ေယာက္ေသာသူကေတာ့ ဆုေတာင္း ပတၱနာ ျပဳပါ၏။ လိုခ်င္ ျဖစ္ခ်င္ရာကို ေတာင္းပါ၏။ တရားငါးပါးေတာ့ မရွိေပ၊ ထိုသူမ်ိဳးလည္း လားရာဂတိ မျမဲပါဘူးတဲ့။
၃။ေယသံ ဥဘယမတၱိ ေတသံ ဂတိ နိဗၺဒၶါ။
သူတခ်ိဳ႔တို႔ကေတာ့ ဆုေတာင္း ပတၱနာလည္း ျပဳပါ၏။ သဒၶါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဆိုတဲ့ တရား ငါးပါးလည္းရွိထားပါ၏။ ထိုသူတို႔မွာေတာ့ လားရာဂတိလည္း ျမဲပါ၏။ သူတို႔ ျဖစ္ခ်င္တဲ့ ဆုေတာင္းလဲျပည့္စံုပါ၏တဲ့။
ကတိျမဲတယ္ဆိုရင္ အပါယ္တံခါးပိတ္ စိတ္ခ်ရပါျပီ၊ စူဠေသာတာပန္ အပိုင္းကို ေရာက္သြားတဲ့ စူဠေသာတာပန္တစ္မ်ိဳးလို႔လည္း မွတ္ခ်င္ရင္မွတ္ေပါ့၊ ဒါေၾကာင့္ ဆရာေတာ္တို႔ကေတာ့ ေကာင္းျမတ္တဲ့ အျပစ္မရွိတဲ့ ဆုေတာင္းမ်ိဳးေတာင္းရင္ ေကာင္းတယ္ ေတာင္းၾက၊ ဥမၼာဒႏၱီတို႔လို ေယာက်ၤားေတြကို ဒုကၡေပးတဲ့ ဆုမ်ိဳးေတာ့ မေတာင္းၾကနဲ႔၊ မေကာင္းဘူး လို႔ပဲ အျပတ္ေျပာလိုက္ပါတယ္။
[ရန္ကုန္ျမိဳ႕ သရက္ေတာေက်ာင္းတိုက္ ဖ်ာပံုတိုက္သစ္ဆရာေတာ္ အရွင္ၾသဘာသာဘိ၀ံသ၏ သုေတသန သမၼာမဂၢင္ပဥွာက်မ္း]
[Unicode]
ဆု-မတောင်းကောင်းဘူးလား ဆု-တောင်းကောင်းသလား
မေး။ ဘာသာရေးနဲ့ စပ်ပြီး ဆရာတော်တွေက ဆု-မတောင်းကောင်းဘူး၊ ဆုတောင်းလို့ ရတာမဟုတ်ဘူး၊ လုပ်ယူမှရတာဟု ဟောပြောကြပါတယ်။ အချို့ဆရာတော်တွေလည်း ဆုဆိုတာတောင်းကောင်းတယ်၊ တောင်းသာတောင်းကြ၊ ဆန္ဒပြုပြီးတောင်းရင် ရနိုင်တယ်ဟု ဟောပြောနေကြပါတယ်။
ဒါပေမယ့် လူတိုင်းလိုလိုပဲ ကောင်းမှုပြုပြီးရင် လာဖြစ်ပါရစေ၊ ဘာဖြစ်ရပါလို၏ ဟု ဆုတောင်းပြုနေကြတာ သူတို့တောင်းတိုင်း ဖြစ်နိုင် ရနိုင်ပါသလား။ တောင်းတိုင်း ဖြစ်ရင် လားရာဂတိမြဲသူတွေ ဖြစ်ကုန်မှာပေါ့ ဆရာတော်၊ ကျမ်းဂန် သာဓကနဲ့ ဖြေရှင်းပေးပါဘုရား။
ဖြေ။ ဆုတောင်းတိုင်းရပုံ၊ မရပုံနဲ့ ဂတိမြဲပုံ မမြဲပုံ ဥပရိပဏ္ဏသ အဋ္ဌကထာဆရာ၏ စကားကို သာဓက ထားပြီးဖြေကြားရှင်းလင်းပေမယ်၊ ကြိုက်ရင်မှတ်ယူ၊ မကြိုက်ရင် မယူနဲ့
အဋ္ဌကထာ ဆရာကြီးက
၁။ ယသ ပဥ္စစမ္မာ အတ္တိ န ပတ္တနာ၊ တသ ဂတိ အနိဗ္ဗဒ္ဓါ။
သူတစ်ယောက်မှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ တရား ငါးပါးတော့ရှိပါ၏။ ပြုလုပ်ပါ၏။ ဆုတောင်းခြင်း ပတ္တနာတော့ မပြု မတောင်းဘူးတဲ့၊ ထိုသူအား လားရာဂတိ မမြဲဘူးတဲ့၊ လားချင်ရာ လားမှာပဲ။
၂။ ယသ ပတ္တနာ အတ္တိ န ပဥ္စစမ္မာ၊ တသာပိ ဂတိ အနိဗ္ဗဒ္ဓါ။
တစ်ယောက်သောသူကတော့ ဆုတောင်း ပတ္တနာ ပြုပါ၏။ လိုချင် ဖြစ်ချင်ရာကို တောင်းပါ၏။ တရားငါးပါးတော့ မရှိပေ၊ ထိုသူမျိုးလည်း လားရာဂတိ မမြဲပါဘူးတဲ့။
၃။ယေသံ ဥဘယမတ္တိ တေသံ ဂတိ နိဗ္ဗဒ္ဓါ။
သူတချို့တို့ကတော့ ဆုတောင်း ပတ္တနာလည်း ပြုပါ၏။ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဆိုတဲ့ တရား ငါးပါးလည်းရှိထားပါ၏။ ထိုသူတို့မှာတော့ လားရာဂတိလည်း မြဲပါ၏။ သူတို့ ဖြစ်ချင်တဲ့ ဆုတောင်းလဲပြည့်စုံပါ၏တဲ့။
ကတိမြဲတယ်ဆိုရင် အပါယ်တံခါးပိတ် စိတ်ချရပါပြီ၊ စူဠသောတာပန် အပိုင်းကို ရောက်သွားတဲ့ စူဠသောတာပန်တစ်မျိုးလို့လည်း မှတ်ချင်ရင်မှတ်ပေါ့၊ ဒါကြောင့် ဆရာတော်တို့ကတော့ ကောင်းမြတ်တဲ့ အပြစ်မရှိတဲ့ ဆုတောင်းမျိုးတောင်းရင် ကောင်းတယ် တောင်းကြ၊ ဥမ္မာဒန္တီတို့လို ယောကျင်္ားတွေကို ဒုက္ခပေးတဲ့ ဆုမျိုးတော့ မတောင်းကြနဲ့၊ မကောင်းဘူး လို့ပဲ အပြတ်ပြောလိုက်ပါတယ်။
[ရန်ကုန်မြို့ သရက်တောကျောင်းတိုက် ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိ၀ံသ၏ သုတေသန သမ္မာမဂ္ဂင်ပဥှာကျမ်း]
No comments:
Post a Comment