[Zawgyi]
မေတ္တာအကျိုး
[Unicode]
မေတ္တာအကျိုး
တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊
ကျွေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊
ကြိမ်သုံးခါမျှ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊
ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက်လူနတ်၊
စောင့်လတ်နတ်များ၊ မီးဆိပ်ဓားတို့၊ ရှောင်ရှားကိုယ့်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေကာမတွေ၊
လားလေဗြဟ္မာ၊ ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။
[ဦးသောဘန (မဟာစည်ဆရာတော်) ၏ ဗြဟ္မဝိဟာရတရားတော်]
No comments:
Post a Comment