Thursday, August 11, 2016

ခ်မ္းသာ (၃)မ်ိဳး (ချမ်းသာ (၃)မျိုး)

[Zawgyi]
ခ်မ္းသာ (၃)မ်ိဳး

လူတို႔ကာမ ခ်မ္းသာ၊ နတ္တို႔ ကာမခ်မ္းသာ၊ ျဗဟၼာတို႔ စ်ာန္ခ်မ္းသာရယ္လို႔ ခ်မ္းသာ(၃)မ်ဳိးရွိတယ္။

လူ႔ခ်မ္းသာမွာ အခ်မ္းသာဆံုးဟာ ‘စၾကဝေတးမင္းရဲ႕ ခ်မ္းသာ’ ပါ။ အဲဒီ စၾကဝေတးမင္းရဲ႕ ခ်မ္းသာဟာ နတ္ခ်မ္းသာကိုေထာက္ရင္ အထီးက်န္မြဲ လူဆင္းရဲႏွင့္ ထူပါတယ္။ စည္းစိမ္ခ်မ္းသာဟူ၍ မဆိုစေလာက္ပါ။ ဟုတ္ပါတယ္၊ စၾကာဝေတးမင္းရဲ႕ စည္းစိမ္ခ်မ္းသာဟာ နတ္စည္းစိမ္ခ်မ္းသာကို အစိတ္အေပါင္း အသိန္း, အသန္း, စိတ္၍ တစ္စိတ္စာမွ် မမီႏိုင္ေအာင္ ည့ံဖ်င္းေသးသိမ္လွပါတယ္။

ေအး… အဲဒီ လူစည္းစိမ္ ခ်မ္းသာထက္ အဆေပါင္း အသိန္း, အသန္းမကသာတဲ့ နတ္စည္းစိမ္ခ်မ္းသာဟာ ျဗဟၼာတို႔ရဲ စည္းစိမ္ခ်မ္းသာကို ႏိႈင္းဆျပိဳင္ေထာက္ပါက ျပိတၱာခ်မ္းသာကဲ့သို႔ အလြန္တရာ ဆင္းရဲဒုကၡမ်ားလွပါတယ္။ ေအး… ခ်မ္းသာလွပါတယ္ဆို႔တဲ့ နတ္သား, နတ္သမီးေတြဟာ ျပိတၱာခ်မ္းသာကဲ့သို႔ ဘယ္လိုဆင္းရဲလဲ ေမးရင္ ျပိတၱာေတြဟာ အစားအေသာက္ကို အလြန္တရာ ဆာေလာင္ေတာင့္တရ၍ အလြန္တရာ ဆင္းရဲၾကရရွာသလို ကာမာဝစရ နတ္ေတြဟာလည္း တစ္ကိုယ္တည္း တစ္ေယာက္တည္း အေဖာ္မရွိဘဲ စည္းစိမ္ခ်မ္းသာကို မခံစားႏိုင္ဘဲ အေဖာ္ရွိမွသာ ခံစားႏိုင္ပါတယ္။ ခ်မ္းသာသုခကို ေပးတတ္တဲ့ အဆင္း၊ အသံ၊ အနံ႔၊ အရသာ၊ အေတြ႕အထိတို႔ကို ရွာမွီး ေတာင့္တၾကရပါတယ္။ ခံစားစရာအာ႐ံုကိုမရပါလွ်င္ ျပိတၱာနဲ႔ အတူတူပဲ အလြန္ဆင္းရဲရွာၾကပါတယ္။ ခံစားစရာ အာ႐ံုရျပန္လွ်င္လည္း တစ္နာရီလံုးလံုး ခံစား၍ မေနႏိုင္ပါ။ တစ္ညဥ့္, တစ္ရက္, တစ္လ, တစ္ႏွစ္ပတ္လံုးလည္း ခံစား၍ မေနႏိုင္ပါ။ ေကာင္းပါတယ္ဆိုတဲ့ ခ်မ္းသာကို ခံစားရင္း အလြန္တရာ ဆင္းရဲသျဖင့္ ရွည္ၾကာေလးျမင့္ ခံစားျခင္းငွာ မတတ္ႏိုင္ဘဲ အလြန္တရာ ဆင္းရဲၾကရွာပါတယ္။ အဲဒါေၾကာင့္ သတ္ေသၾကတာပါ။

“ဒီလိုဆိုရင္တပည့္ေတာ္တိ႔ု လူခ်မ္းသာလည္း ျပိတၱာခ်မ္းသာႏွင့္ အတူတူ ျဖစ္ေနတာေပါ့ဘုရား”
“ေၾသာ္... နတ္ခ်မ္းသာေတာင္ ျပိတၱာခ်မ္းသာႏွင့္တူပါတယ္ဆိုမွျဖင့္ လူ႔ခ်မ္းသာဆိုရင္ အဘယ္မွာ ဆိုဖြယ္ရွိပါ့မလဲ၊ သူေတာင္းစားခ်မ္းသာႏွင့္ တူတာေပါ့”
“ဆိုလွခ်ည္လားဘုရား”
“မဆိုလွပါနဲ႔၊ သူေတာင္းစားမ်ားဟာ သူမ်ားေပးမွ ခ်မ္းသာရသလို လူေတြလည္း အဆင္းစတဲ့ အာ႐ံုေတြကေပးပါမွ ခ်မ္းသာလို႔ သူေတာင္းစား ခ်မ္းသာလို႔ ေျပာတာပါ”
“နာစရာ ရွက္စရာေကာင္းလိုက္တာဘုရား”
“နာရင္ ရွက္ရင္ ဝိပသနာခ်မ္းသာကေန မဂ္ခ်မ္းသာ ဖိုလ္ခ်မ္းသာ၊ နိဗၺာန္ခ်မ္းသာအထိ အဆင့္ဆင့္ရေအာင္ႀကိဳးစားပါ”
“ႀကိဳးစားဖို႔ရာ အသာထားပါဦးဘုရား၊ ဝိပသနာဟာ ခ်မ္းသာလား ဆင္းရဲလား မကြဲျပားလို႔ ေမးေနရပါတယ္ဘုရား”

“ေအး... ဝိပသနာဟာ ခ်မ္းသာပါ၊ လူ, နတ္ ခ်မ္းသာထက္ သာပါတယ္၊ နတ္ခ်မ္းသာထက္သာတာက ျဗဟၼာခ်မ္းသာပါ။ ျဗဟၼာခ်မ္းသာက အေဖာ္အဖက္မရွိဘဲ တစ္ေယာက္ထီးတည္း အလိုရွိတိုင္း ခံစားႏိုင္ပါတယ္။ အလုိရွိတဲ့ခဏ၌ ခံစားႏိုင္ပါတယ္။ အလိုရွိသမွ်ကာလပတ္လံုးလည္း ခံစားႏိုင္ပါတယ္” “ခံစားတဲ့အခါမွာလည္း အခ်ိန္ၾကာျမင့္စြာ ခံစားၿပီးမွွ ထၾကြရပါေသာ္လည္း အားရသည္ စသည္ မုန္းသည္ ေမာသည္ဟူ၍လည္း မရွိႏုိင္ပါ။ ေညာင္းညာ ပူအိုက္သည္ဟူ၍လည္း မရွိႏိုင္ပါ။ ေအးေအးျမျမ အလြန္တရာေကာင္းျမတ္လွတဲ့ သုခခ်မ္းသာကို ခံစားေမြ႕ေလ်ာ္ၾကရပါတယ္” “အဲဒီ ျဗဟၼာ့ခ်မ္းသာထက္ ဝိပသနာခ်မ္းသာက အဆေပါင္း အသိန္းအသန္းမက သာလြန္ခ်မ္းသာလွပါတယ္”

“ဟုတ္ပါတယ္။ အဲဒီ လူ၊ နတ္၊ ျဗဟၼာခ်မ္းသာေတြ ခံစားတဲ့ အခါမွာ အပါယ္မ်ဳိးေစ့့ျဖစ္တဲ့ ‘သကၠာယဒိ႒ိ’ ပါေနတဲ့အတြက္ ခ်မ္းသာခံစားျပီးတဲ့ ဘဝအဆံုးမွာ အပါယ္က်ေစတတ္တဲ့အတြက္ တကယ့္ခ်မ္းသာစစ္မဟုတ္၊ ဆင္းရဲတုန္း ဆင္းရဲခဲမွ်သာ ျဖစ္ပါတယ္”

“ဘဝသံုးပါး ဘံုသံုးပါးတည္းဟူေသာ ဒုကၡေဘး ဆင္းရဲေဘးႀကီးမွ ကၽြတ္လြတ္ထြက္ေျမာက္လိုေသာ ပညာရွိ သူေတာ္ေကာင္းတို႔သည္ ဘဝသံုးပါး ဘံုသံုးပါးကို ရဲရဲေတာက္ သံေတြ, ခဲကဲ့သို႔ စက္ဆုပ္ေၾကာက္ရြံ႕ႏိုင္ျခင္းငွာ ပညာတည္းဟူေသာ မဂၢင္တရား, ဝိပသနာတရားကို တစ္ေန႔ထက္တစ္ေန႔ ႀကီးပြားတိုးတက္ေအာင္ နိဗၺာန္ရသည့္တိုင္ေအာင္ အားထုတ္သင့္ပါတယ္” “ဝိပသနာတရားဟာ ဣရိယာပုတ္မေရြး၊ အလုပ္မေရြး၊ ေနရာမေရြး၊ အခ်ိန္မေရြး ျဖစ္ပါတယ္။ ျဖစ္ေအာင္ ႀကိဳးစားပါလို႔ တိုက္တြန္းလုိက္ပါတယ္”

“မွန္ပါ၊ ႀကိဳးစားပါ့မယ္ဘုရား”

* အားလံုးသႏၲာန္၊ အျမင္မွန္၊ လ်င္ျမန္ရေစေသာ္။

[က်းဇူးေတာ္ရွင္ ေတာင္စြန္း ဓမၼဒူတဆရာေတာ္ႀကီး၏ ဗုဒၶဓမၼျပသနာမ်ား - ၁၁ စာအုပ္မွ]

[Unicode]
ချမ်းသာ (၃)မျိုး

လူတို့ကာမ ချမ်းသာ၊ နတ်တို့ ကာမချမ်းသာ၊ ဗြဟ္မာတို့ စျာန်ချမ်းသာရယ်လို့ ချမ်းသာ(၃)မျိုးရှိတယ်။

လူ့ချမ်းသာမှာ အချမ်းသာဆုံးဟာ ‘စကြဝတေးမင်းရဲ့ ချမ်းသာ’ ပါ။ အဲဒီ စကြဝတေးမင်းရဲ့ ချမ်းသာဟာ နတ်ချမ်းသာကိုထောက်ရင် အထီးကျန်မွဲ လူဆင်းရဲနှင့် ထူပါတယ်။ စည်းစိမ်ချမ်းသာဟူ၍ မဆိုစလောက်ပါ။ ဟုတ်ပါတယ်၊ စကြာဝတေးမင်းရဲ့ စည်းစိမ်ချမ်းသာဟာ နတ်စည်းစိမ်ချမ်းသာကို အစိတ်အပေါင်း အသိန်း, အသန်း, စိတ်၍ တစ်စိတ်စာမျှ မမီနိုင်အောင် ည့ံဖျင်းသေးသိမ်လှပါတယ်။

အေး… အဲဒီ လူစည်းစိမ် ချမ်းသာထက် အဆပေါင်း အသိန်း, အသန်းမကသာတဲ့ နတ်စည်းစိမ်ချမ်းသာဟာ ဗြဟ္မာတို့ရဲ စည်းစိမ်ချမ်းသာကို နှိုင်းဆပြိုင်ထောက်ပါက ပြိတ္တာချမ်းသာကဲ့သို့ အလွန်တရာ ဆင်းရဲဒုက္ခများလှပါတယ်။ အေး… ချမ်းသာလှပါတယ်ဆို့တဲ့ နတ်သား, နတ်သမီးတွေဟာ ပြိတ္တာချမ်းသာကဲ့သို့ ဘယ်လိုဆင်းရဲလဲ မေးရင် ပြိတ္တာတွေဟာ အစားအသောက်ကို အလွန်တရာ ဆာလောင်တောင့်တရ၍ အလွန်တရာ ဆင်းရဲကြရရှာသလို ကာမာဝစရ နတ်တွေဟာလည်း တစ်ကိုယ်တည်း တစ်ယောက်တည်း အဖော်မရှိဘဲ စည်းစိမ်ချမ်းသာကို မခံစားနိုင်ဘဲ အဖော်ရှိမှသာ ခံစားနိုင်ပါတယ်။ ချမ်းသာသုခကို ပေးတတ်တဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိတို့ကို ရှာမှီး တောင့်တကြရပါတယ်။ ခံစားစရာအာရုံကိုမရပါလျှင် ပြိတ္တာနဲ့ အတူတူပဲ အလွန်ဆင်းရဲရှာကြပါတယ်။ ခံစားစရာ အာရုံရပြန်လျှင်လည်း တစ်နာရီလုံးလုံး ခံစား၍ မနေနိုင်ပါ။ တစ်ညဉ့်, တစ်ရက်, တစ်လ, တစ်နှစ်ပတ်လုံးလည်း ခံစား၍ မနေနိုင်ပါ။ ကောင်းပါတယ်ဆိုတဲ့ ချမ်းသာကို ခံစားရင်း အလွန်တရာ ဆင်းရဲသဖြင့် ရှည်ကြာလေးမြင့် ခံစားခြင်းငှာ မတတ်နိုင်ဘဲ အလွန်တရာ ဆင်းရဲကြရှာပါတယ်။ အဲဒါကြောင့် သတ်သေကြတာပါ။

“ဒီလိုဆိုရင်တပည့်တော်တို့ လူချမ်းသာလည်း ပြိတ္တာချမ်းသာနှင့် အတူတူ ဖြစ်နေတာပေါ့ဘုရား”
“သြော်... နတ်ချမ်းသာတောင် ပြိတ္တာချမ်းသာနှင့်တူပါတယ်ဆိုမှဖြင့် လူ့ချမ်းသာဆိုရင် အဘယ်မှာ ဆိုဖွယ်ရှိပါ့မလဲ၊ သူတောင်းစားချမ်းသာနှင့် တူတာပေါ့”
“ဆိုလှချည်လားဘုရား”
“မဆိုလှပါနဲ့၊ သူတောင်းစားများဟာ သူများပေးမှ ချမ်းသာရသလို လူတွေလည်း အဆင်းစတဲ့ အာရုံတွေကပေးပါမှ ချမ်းသာလို့ သူတောင်းစား ချမ်းသာလို့ ပြောတာပါ”
“နာစရာ ရှက်စရာကောင်းလိုက်တာဘုရား”
“နာရင် ရှက်ရင် ဝိပသနာချမ်းသာကနေ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာအထိ အဆင့်ဆင့်ရအောင်ကြိုးစားပါ”
“ကြိုးစားဖို့ရာ အသာထားပါဦးဘုရား၊ ဝိပသနာဟာ ချမ်းသာလား ဆင်းရဲလား မကွဲပြားလို့ မေးနေရပါတယ်ဘုရား”

“အေး... ဝိပသနာဟာ ချမ်းသာပါ၊ လူ, နတ် ချမ်းသာထက် သာပါတယ်၊ နတ်ချမ်းသာထက်သာတာက ဗြဟ္မာချမ်းသာပါ။ ဗြဟ္မာချမ်းသာက အဖော်အဖက်မရှိဘဲ တစ်ယောက်ထီးတည်း အလိုရှိတိုင်း ခံစားနိုင်ပါတယ်။ အလိုရှိတဲ့ခဏ၌ ခံစားနိုင်ပါတယ်။ အလိုရှိသမျှကာလပတ်လုံးလည်း ခံစားနိုင်ပါတယ်” “ခံစားတဲ့အခါမှာလည်း အချိန်ကြာမြင့်စွာ ခံစားပြီးမှှ ထကြွရပါသော်လည်း အားရသည် စသည် မုန်းသည် မောသည်ဟူ၍လည်း မရှိနိုင်ပါ။ ညောင်းညာ ပူအိုက်သည်ဟူ၍လည်း မရှိနိုင်ပါ။ အေးအေးမြမြ အလွန်တရာကောင်းမြတ်လှတဲ့ သုခချမ်းသာကို ခံစားမွေ့လျော်ကြရပါတယ်” “အဲဒီ ဗြဟ္မာ့ချမ်းသာထက် ဝိပသနာချမ်းသာက အဆပေါင်း အသိန်းအသန်းမက သာလွန်ချမ်းသာလှပါတယ်”

“ဟုတ်ပါတယ်။ အဲဒီ လူ၊ နတ်၊ ဗြဟ္မာချမ်းသာတွေ ခံစားတဲ့ အခါမှာ အပါယ်မျိုးစေ့့ဖြစ်တဲ့ ‘သက္ကာယဒိဋ္ဌိ’ ပါနေတဲ့အတွက် ချမ်းသာခံစားပြီးတဲ့ ဘဝအဆုံးမှာ အပါယ်ကျစေတတ်တဲ့အတွက် တကယ့်ချမ်းသာစစ်မဟုတ်၊ ဆင်းရဲတုန်း ဆင်းရဲခဲမျှသာ ဖြစ်ပါတယ်”

“ဘဝသုံးပါး ဘုံသုံးပါးတည်းဟူသော ဒုက္ခဘေး ဆင်းရဲဘေးကြီးမှ ကျွတ်လွတ်ထွက်မြောက်လိုသော ပညာရှိ သူတော်ကောင်းတို့သည် ဘဝသုံးပါး ဘုံသုံးပါးကို ရဲရဲတောက် သံတွေ, ခဲကဲ့သို့ စက်ဆုပ်ကြောက်ရွံ့နိုင်ခြင်းငှာ ပညာတည်းဟူသော မဂ္ဂင်တရား, ဝိပသနာတရားကို တစ်နေ့ထက်တစ်နေ့ ကြီးပွားတိုးတက်အောင် နိဗ္ဗာန်ရသည့်တိုင်အောင် အားထုတ်သင့်ပါတယ်” “ဝိပသနာတရားဟာ ဣရိယာပုတ်မရွေး၊ အလုပ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး ဖြစ်ပါတယ်။ ဖြစ်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ပါတယ်”

“မှန်ပါ၊ ကြိုးစားပါ့မယ်ဘုရား”

* အားလုံးသန္တာန်၊ အမြင်မှန်၊ လျင်မြန်ရစေသော်။

[ကျးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတဆရာတော်ကြီး၏ ဗုဒ္ဓဓမ္မပြသနာများ - ၁၁ စာအုပ်မှ]

No comments:

Post a Comment