[Zawgyi]
လူမိုက္ဟူသည္
ျမတ္ဗုဒၶက လူမိုက္ကို ေရွာင္ၾကဥ္ၾကရန္ မွာၾကားေတာ္မူခဲ့သည္။ လူမိုက္ဟူသည္ ေအာက္ပါလကၡဏာ မ်ား ရွိသူပင္တည္း။
၁။အေၾကာင္းတစ္စုံတစ္ရာမရွိဘဲ အမ်က္ေဒါသ ထြက္ေနတတ္ျခင္း၊
ယင္းေဒါသေၾကာင့္ပင္ ပစၥဳပၸန္ကာလတြင္ ရန္သူေပါမ်ားတတ္ သည္။ ေနာင္တမလြန္ဘဝ၌ကား အပါယ္လားရတတ္၏။
၂။အက်ိဳးမရွိဘဲ အေျပာင္းအလဲမ်ားတတ္ျခင္း၊
မိမိဘဝ၏ အခ်ိန္ႏွင့္ အေတြ ့အၾကံဳကို ျဖဳန္းတီးေနျခင္း သက္သက္သာျဖစ္သည္။
၃။ရည္မွန္းခ်က္မရွိဘဲ စပ္စုတတ္ျခင္း။
အမုန္းတရားကို ဖန္တီးေနျခင္းပင္ျဖစ္သည္။
၄။ ေမာဟအားၾကီးသည့္အေလ်ာက္ သူစိမ္းတစ္ရံဆံကို ယုံၾကည္ လြန္းျခင္း။
မိမိ၊ မိမိ၏ မိသားစုႏွင့္ မိမိက်င္လည္ရာ အဖြဲ ့အစည္း၏ ဂုဏ္သိကၡာ က်ဆင္းရတတ္သည္။
၅။ရန္သူကိုမိတ္ဖြဲ ့တတ္ျခင္း။
မုန္းစကို ရွည္ေစရုံမွတစ္ပါး အျခားမရွိျပီ။
သို ့ျဖစ္၍၊ အဖက္ဖက္တြင္ သတိတရားလက္ကိုင္ထားကာ ေနထိုင္
ပါလွ်င္ လူေတာ္လူေကာင္းျဖစ္ႏိုင္ သည္ကား ဧကန္မုခ်ျဖစ္ေပသည္။
[ေဇာတိက၊ ဦး (ပခုကၠဴေလယာဉ္ကြင္းဆရာေတာ္)။ " ေသာတာပန္စစ္တမ္း " တရားေတာ္။ ဆစ္ဒနီ၊ ၂ဝ၁၁။]
[Unicode]
လူမိုက်ဟူသည်
မြတ်ဗုဒ္ဓက လူမိုက်ကို ရှောင်ကြဉ်ကြရန် မှာကြားတော်မူခဲ့သည်။ လူမိုက်ဟူသည် အောက်ပါလက္ခဏာ များ ရှိသူပင်တည်း။
၁။အကြောင်းတစ်စုံတစ်ရာမရှိဘဲ အမျက်ဒေါသ ထွက်နေတတ်ခြင်း၊
ယင်းဒေါသကြောင့်ပင် ပစ္စုပ္ပန်ကာလတွင် ရန်သူပေါများတတ် သည်။ နောင်တမလွန်ဘဝ၌ကား အပါယ်လားရတတ်၏။
၂။အကျိုးမရှိဘဲ အပြောင်းအလဲများတတ်ခြင်း၊
မိမိဘဝ၏ အချိန်နှင့် အတွေ ့အကြုံကို ဖြုန်းတီးနေခြင်း သက်သက်သာဖြစ်သည်။
၃။ရည်မှန်းချက်မရှိဘဲ စပ်စုတတ်ခြင်း။
အမုန်းတရားကို ဖန်တီးနေခြင်းပင်ဖြစ်သည်။
၄။ မောဟအားကြီးသည့်အလျောက် သူစိမ်းတစ်ရံဆံကို ယုံကြည် လွန်းခြင်း။
မိမိ၊ မိမိ၏ မိသားစုနှင့် မိမိကျင်လည်ရာ အဖွဲ ့အစည်း၏ ဂုဏ်သိက္ခာ ကျဆင်းရတတ်သည်။
၅။ရန်သူကိုမိတ်ဖွဲ ့တတ်ခြင်း။
မုန်းစကို ရှည်စေရုံမှတစ်ပါး အခြားမရှိပြီ။
သို ့ဖြစ်၍၊ အဖက်ဖက်တွင် သတိတရားလက်ကိုင်ထားကာ နေထိုင်
ပါလျှင် လူတော်လူကောင်းဖြစ်နိုင် သည်ကား ဧကန်မုချဖြစ်ပေသည်။
[ဇောတိက၊ ဦး (ပခုက္ကူလေယာဉ်ကွင်းဆရာတော်)။ " သောတာပန်စစ်တမ်း " တရားတော်။ ဆစ်ဒနီ၊ ၂ဝ၁၁။]
No comments:
Post a Comment